News - The Drift Lab

The Drift Lab News

Latest updates, product drops, and RC Drift & Drift community highlights.

System Maintenance Complete
March 14, 2026
System Maintenance Complete
ဒီတစ်ခေါက် Maintenance မှာတော့ Bug တွေရှင်းတာနဲ့အတူ Feature အသစ်အချို့ပါထည့်သွင်းထားပါတယ်။

အဓိကပြုပြင်ထားတဲ့ (သို့မဟုတ်) ထပ်ထည့်ထားတဲ့အရာတွေကတော့ -
• News Page
RC Drift နဲ့ပတ်သက်ပြီး အသစ်ထွက်လာတဲ့ Product တွေအပြင် In Stock ပစ္စည်းရောက်ရှိခြင်း၊ ကျတော်တို့အနေနဲ့ ကြေညာလိုတဲ့ သတင်းအချို့နဲ့အတူ RC Drifting နဲ့ Real Drifting မှာထွက်ရှိတဲ့ သတင်းတွေပါ တင်ပေးသွားမယ့်နေရာလေးပါ။ ဒီနေရာကိုတော့ အပေါ်ဘက် Navigation Bar (သို့မဟုတ်) Blog Page တွေဆီသွားနေကျနေရာကနေ News ဆိုတာလေးကို နှိပ်လိုက်ရင်ရပါပြီ။

• Shop (Genre Page)
Shop မှာတော့ အရင်လို Drift တစ်မျိုးတည်းမဟုတ်ဘဲ Shop ကိုမှ
• Drift
• Touring
• Off-Road (Monster truck, Buggy, Truggy, Short Course အမျိုးအစားများအတွက်)
• Rally
• Crawler
• Semi-Truck
• Mini & Micro
• Special Offer ဆိုပြီး ခွဲထားတာဖြစ်ပါတယ်။
ယခုလိုအမျိုးအစားခွဲလိုက်ခြင်းက အချို့သော Special Offer ထဲပါဝင်နေတဲ့ ကားတွေက Chassis Kit အနေနဲ့ပဲဖြစ်နေတာကြောင့် RTR အဖြစ်ဆင်ချင်သူတွေအတွက်ရော တခြားကားအမျိုးအစားနဲ့ စျေးနှုန်းနှိုင်းယှဉ်ကြည့်ချင်သူတွေအတွက် ထည့်ပေးထားတာဖြစ်ပါတယ်။ အဲ့တာကြောင့်လည်း အဲ့အမျိုးအစားတွေအတွက် လိုအပ်တဲ့ပစ္စည်းပမာဏနဲ့ Universal သုံးလို့ရမယ့် Electronic ပစ္စည်းများသာရှိနေပါလိမ့်မယ်။

• Shop ထဲက Item တွေရဲ့ပုံစံအသစ်
Shop ထဲရှိ Item များကို ယခင်လို အနိမ့်အမြင့် မညီမညာ မဖြစ်တော့ဘဲ တပြေးညီဖြစ်အောင် Layout ပြောင်းလဲထားပါတယ်။ Layout အသစ်မှာ Product Name အပြည့်ပါလာသလို Layout ပုံစံလည်း ပိုပြီးကြည့်ကောင်းလာစေမှာပါ။

• Navigation Bar ပုံစံအသစ်
Navigation Bar ကို ယခင်လို PC မှာ Error တက်နေတဲ့ပုံစံမဟုတ်တော့ဘဲ Drop-Down အနေနဲ့သုံးလို့ရအောင် ပြောင်းလဲထားပါတယ်။ (PC မှာ Maximize ထားပြီးကြည့်တဲ့သူတွေအတွက် Drop-Down ပုံစံတော့ဖြစ်နေမှာမဟုတ်ပါဘူး။)

• Search Bar နေရာပြောင်းလဲခြင်း
Search Bar ကို ယခင်လို Navigation Bar မှာ မဟုတ်တော့ဘဲနဲ့ Shop ထဲက Filter တွေထဲမှာထည့်ပေးထားပါတယ်။

• Price Range ဖြင့် လိုအပ်သည့်ပစ္စည်းရှာဖွေနိုင်ခြင်း
Search Bar ရဲ့ အပေါ်မှာတင်ပဲ Prince Range နဲ့ ပစ္စည်းရှာလို့ရအောင်လည်း လုပ်ပေးထားပါတယ်။ ကိုယ့်လိုချင်တဲ့ပစ္စည်းကို သေချာလည်းမသိသေးဘူး၊ သတ်မှတ်ထားတဲ့ ငွေပမာဏလည်းရှိနေတယ်ဆိုရင် ဒါလေးကသေချာပေါက်အသုံးဝင်မှာပါ။

Minor တွေအနေနဲ့ကတော့-
• News Page သီးသန့်ပါဝင်လာတဲ့အတွက် Home Page က Newsletter Section ဖြုတ်လိုက်ခြင်း
• Home Page ရှိ Brand Section များကိုနှိပ်၍ သက်ဆိုင်ရာ Brand မှထုတ်လုပ်သည့် ပစ္စည်းများအားရှာဖွေနိုင်ခြင်း
• Home Page ရှိ Banner ဖြုတ်ခြင်း
• Cart ထဲရှိ Shipping Fees ပြင်ဆင်ခြင်း
• Filter ကို ပိုမိုတွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရန် Brand Filter မှာ အမျိုးအစားပိုထည့်ခြင်း
• ကျတော်တို့ Partner Shop ရဲ့ Specialized Brand ၃ခုဖြစ်တဲ့ Yokomo, Kyosho, Tamiya တို့ရဲ့ Chassis တွေနဲ့ Electronic ပစ္စည်းတွေအပါအဝင် Item ပေါင်း ၆ရာကျော်အထိ ထပ်ထည့်ထားခြင်းတို့ဖြစ်ပါတယ်။

Update မှာ User Friendly ဖြစ်စေဖို့ ပိုအာရုံစိုက်ထားတာမလို့ အရင်ကထက် အသုံးပြုရအဆင်ပြေစေမယ်လို့လည်း မျှော်လင့်ပါတယ်။ အဆင်မပြေတာတစ်ခုခုရှိပါကလည်း ကျတော်တို့ဆီတိုက်ရိုက်ပြောကြားနိုင်သလို Contact Page ကနေလည်း ရေးသားပြောကြားနိုင်ပါတယ်။
New Product: Mercury SAYAKA Special S15 Body
March 13, 2026
New Product: Mercury SAYAKA Special S15 Body
Yokomo ရဲ့ နာမည်ရှိပြီးသား Body တစ်ခုဖြစ်တဲ့ Sayaka S15 Body ကိုမှ Decal Set နဲ့မဟုတ်ဘဲ Pre-Painted အမျိုးအစားကို ထုတ်ပေးဖို့ကြေညာသွားပါတယ်။
New Product: Wrap-Up Next FR-D7
March 12, 2026
New Product: Wrap-Up Next FR-D7
Wrap-Up Next ရဲ့ ၂၀၁၂ခုနှစ်ကတည်းက စတင်လာခဲ့တဲ့ FR-D Series က ယခုဆိုရင် FR-D7 ထွက်ရှိဖို့ ကြေညာသွားပြီးဖြစ်ပါတယ်။ Pre-Order တွေကို ယခုလကုန်စတင်လက်ခံမယ်ဆိုတာနဲ့ မေလကုန် ဇွန်လဆန်းမှာ ပစ္စည်းစတင်ထုတ်လုပ်မယ်ဆိုတဲ့ အချက်တွေကလွဲရင် ဘာအစအနမှမတင်ပေးထားသေးပါဘူး။ ဒါပေမယ့် FR-D7 ထွက်ဖို့ မနှစ်ကတည်းကသတင်းထွက်နေတာဆိုတော့ ဘာတွေပါမလဲဆိုတော့ တစ်ချို့တစ်ဝက်တော့ သိနေပြီးကြပါပြီ။ FR-D7 ကိုတော့ Wrap-Up Next ရဲ့ထုံးစံအတိုင်း High Battery နဲ့ Front Motor ဖြစ်မှာပါ။ အဲ့တာအပြင် Wheelbase Adjustment ပါလုပ်ရမှာဖြစ်ပြီး Chassis တော်တော်များများ အသုံးပြုအများဆုံးနည်းဖြစ်တဲ့ Main Chassis - Sub Chassis ပုံစံနဲ့ထွက်လာမယ့်သဘောရှိနေပါတယ်။
New Product: Futaba S-CD500 KS KNUCKLE SERVO
February 9, 2026
New Product: Futaba S-CD500 KS KNUCKLE SERVO
Futaba ကနေ Knuckle ကို စတင်ထုတ်လုပ်ပြီပဲဖြစ်ပါတယ်။ Product အနေနဲ့ကလည်း သာမန် Knuckle လိုမျိုးမဟုတ်ဘဲနဲ့ Transmitter ကနေ ကားရဲ့ Ackerman ကို ချိန်လို့ရစေမယ့် Knuckle မျိုးဖြစ်ပါတယ်။ ပစ္စည်းအချက်အလက်တွေကိုတော့ မတ်လမကုန်ခင်သိရမယ့်လို့ Futaba ဘက်က ကြေညာထားပါတယ်။